“ကျေးဇူးပါချစ်သူ”

ပြိုယိုင်လဲနေချိန်မှာ ဖေးမပေးခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ............

မှောင်မိုက်နေတဲ့ ငါ့ဘ၀ကို လင်းလက်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ.............

ငါ့မျှော်လင့်ခြင်းတွေကို ရှင်သန်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ..............

အတ္တတွေနဲ့ ပူပြင်းတောက်လောင်နေတဲ့
ငါ့နှလုံးသားကို ငြိမ်းချမ်းစေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ...............

ညစ်ထေးနေတဲ့ င့ါစိတ်တွေကို ဖြူစင်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ............



ဘ၀ရဲ့ အဓိပ္ပါယ်ကို သိအောင် လမ်းပြပေးခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ.............

ငါ့အပြုံးက မင်းကိုအေးမြစေပါတယ်လို့ ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ............

ငါရေးတဲ့ စာတစ်ကြောင်းက ကဗျာတွေထက် သာယာပါတယ်ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ..............

ငါ့စကားသံက သံစဉ်အလင်္ကာတွေထက် ချိုမြပါတယ်ဆိုတဲ့အတွက်
ကျေးဇူးပါ ချစ်သူ..........

တစ်သက်မခွဲ ခိုင်မြဲစွာ လက်တွဲထားမယ်ဆိုတဲ့ စကားအတွက်
ကျေးဇူးပါ ချစ်သူ.............

ဝမ်းနည်းမှုတွေကို ဖေးမလို့ ပျော်ရွှင်စေခဲ့တဲ့အတွက်
ကျေးဇူးပါ ချစ်သူ............

ဒါတွေက ဟန်ဆောင်မှုတွေပါလို့ ဆိုခဲ့ရင်လည်း
ကျေးဇူးပါ ချစ်သူ..............

ငါ့ရဲ့လှပနေတဲ့ မင်းအတွက် စိတ်ကူးအိမ်မက်လေးကနေတော့
မနှိုးထပါရစေနဲ့ ချစ်သူ............


ဒီစာလေးကိုဖတ်ပေးပါအနော်ဒီဘလော့လေးလုပ်တယ်ဆိုတာကိုယ်လေ့လာထားသမျှလေးတွေကိုသူငယ်ချင်းတို့ ကိုပြန်လည်မျှဝေခြင်းသက်သက်ပါမှတ်စုစာအုပ်သဘောနဲ့ လုပ်ထားခြင်းဖြစ်တဲ့အတွက်အမှားများပါရှိခဲ့ရင်ဒီကနေပဲအနော် တောင်းပန်ပါရစေ

0 comments:

Post a Comment